တန့်ယန်း မတ် ၂၉

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့ကို ပါဠိပထမပြန် စာမေးပွဲကျင်းပရေး ဦးစီးကော်မတီက ကြီးကြပ်၍ ယနေ့မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဆောင်ရွက်

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့တွင် ဝိနည်း ကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဒွေမာတိကာဘာသာတို့အား မြို့နယ်ရှိ ကျောင်းတိုက်အသီးသီးတို့မှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများမှ ရဟန်း ငါးပါး၊ သာမဏေ ၁၈ ပါး၊ သီလရှင် ၄၇ ပါး စုစုပေါင်း အပါး ၇၀ တို့ ဝင်ရောက် ဖြေဆိုကြရာ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရေး ဦးစီးကော်မတီမှ ဆရာတော်ကြီးများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)