တန့်ယန်း  စက်တင်ဘာ  ၁၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လိုအပ်လျက်ရှိသော အောက်စီဂျင် Plant တပ်ဆင်ပြီးစီး၍ စမ်းသပ်ထုတ်လုပ်ခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စက်ရုံ အဆောက်အဦ၌ ဆောင်ရွက်ကြသည်။

           

အဆိုပါ အောက်စီဂျင်  စမ်းသပ်ထုတ်လုပ်နေမှုအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီမှ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး ယခုတပ်ဆင်ပြီးစီးသည့် အောက်စီဂျင် Plant သည် အောက်စီဂျင် ၄၀ လီတာအိုး ၆ လုံးအား တစ်ပြိုင်တည်း ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုပြီးပါက မြို့နယ်တွင်းရှိ အောက်စီဂျင် လိုအပ်သည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် အခြားပုဂ္ဂလိက လိုအပ်သူများကို ဖြည့်သွင်း ဆောင်ရွက်ပေးနိုင် မည်ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လူနာများ အားထားစရာ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 

         

မင်းလွင်ဦး(ပြန်/ဆက်)