mdn

တန့်ယန်း   အောက်တိုဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

နောင်ဖါကျေးရွာအုပ်စုတွင် အသက် ၁၀ နှစ်နှင့် ၁၆ နှစ်ကြား ၅၉ ဦး၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃၃ ဦး၊ နိုင်-၆(က) ပြုလုပ်သူ ၁၄၀၊ နိုင်-၃(က)မှ နိုင်-၆(က) လဲလှယ်သူ ၂၂ ဦး၊ နိုင်-၆(က)မိတ္တူ ၂၀ စုစုပေါင်း ၂၇၄ ဦး၊ အိမ်ထောင်စု လူဦးရေးစာရင်း ၉၂ စောင်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)