တန့်ယန်း  အောက်တိုဘာ ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ် အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် ပထမအကြိမ်အဖြစ် ထိုးနှံပေးနေရာ အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၀)ရပ်ကွက်၌ ထိုးနှံပေးသည်။

           

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း၍ ထိုးနှံပေးနေရာ ဆက်လက်၍လည်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးအားလုံးကို  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                       

 

မင်းလွင်ဦး(ပြန်/ဆက်)