တန့်ယန်း    ဒီဇင်ဘာ   ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒီဇင်ဘာ ၂၇ ရက်တွင် အမှတ်(၆)ရပ်ကွက်ရှိ ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အမှတ်(၆) ရပ်ကွက်အတွင်း ကွင်းဆင်း၍ အိမ်ထောင်စု လူဦးရေ စာရင်း ၈၄ ခု၊ နိုင်-၃(က) ပြုလုပ်သူ ၁၂၆ ခုနှင့် နိုင်-၆(က) ပြုလုပ်သူ ၁၅၇ခု စုစုပေါင်း ၂၈၃ ခုအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

 

မင်းလွင်ဦး(ပြန်/ဆက်)