တန့်ယန်း မတ် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံ ဇာတထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ် ၁၄ ရက် မွန်းလွဲပိုင်းက အမှတ်(၁၀) ရပ်ကွက်၌ ကျင်းပသည်။
အသိပညာပေးဟောပြော
ဦးစွာ မြို့နယ်သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအိုက်ပေါင်းအောင်က သစ်တော ထိန်းသိမ်းရေး၊ တောမီးကြိုတင် ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးဝေဖြိုးလွင်က တောမီးလောင်ကျွမ်းခြင်း ဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးလှစိုးဝင်းက ရေသယံဇာတ ထိန်းသိမ်းရေးနှင့် ရွှေ့ပြောင်း တောင်ယာစနစ် လျော့နည်း ပပျောက်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)


