တန့်ယန်း သြဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီက တန့်ယန်းတပ်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ခွန်အောင်သွင်က မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီမှ ပေးအပ်လှူဒါန်းသော ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်ပစ္စည်းများအား တာဝန်ရှိသူများနှင်အတူ လက်ခံရယူပေးသည်။
အခမ်းအနားတွင် ဆန် (၂၀၀)အိတ်၊ ဆီ (၆၀)ပုံး၊ ဆား (၆၀)ပိဿာ၊ ကြက်သွန်နီ (၅၀၀)ပိဿာ၊ ကြက်သွန်ဖြူ (၄၀)ပိဿာ၊ ငရုပ်သီးခြောက် (၂၀)ပိဿာ၊ အာလူး (၅၀၀)ပိဿာ၊ ကုလားပဲ (၁၀)အိတ်၊ ကြာဆံ (၁၀၀)ပိဿာ၊ ခရမ်းချဉ်သီး (၁၂၀)ပိဿာ၊ အရောင်တင်မှုန့် (၁၀)ပိသာနှင့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်ဆံ စသည့်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


