တန့်ယန်း ၂၁ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး ညွှန်ကြားချက်များနှင့်အညီ အခြေခံပညာ အထက်တန်းဆင့်ကျောင်းများအား ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်လျက်ရှိသည်။
ထိုသို့ စတင်ဖွင့်လှစ်လျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကျောင်းဝင်ပေါက်မှ စတင်ကာ စနစ်တကျ နေရာယူ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်မှု စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ မှတ်တမ်းယူခြင်း၊ လက်ဆေးစင်တွင် လက်ကိုစင်ကြယ်အောင် ဆေးစေခြင်း၊ စာသင်ခန်းအတွင်းရှိ စာသင်ခုံ များတွင် (၆)ပေကွာစီ နေရာချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျောင်းဆင်း/ကျောင်းတက်ချိန်များ စနစ်တကျ စီစဉ်ထားကြောင်းနှင့် ကျောင်းတွင်လည်း အရေးပေါ် နာမကျန်းဖြစ်လာပါက သီးသန့်ထားရှိရန် အရန်အခန်းကိုလည်း ပြင်ဆင်ထားရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


