တန့်ယန်း ၁၇ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့် စတုတ္ထတန်း သင်ရိုးသစ်အတွက် မြို့နယ်အဆင့် သင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်နေသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်မှ သင်တန်းနည်းပြဆရာ ၆၅ ဦးက မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ ၅၈၇ ဦးအား အခြေခံပညာမူလတန်းအဆင့် စတုတ္ထတန်း သင်ရိုးသစ်နှင့် ပတ်သက်သော ဘာသာရပ်များအား လေ့ကျင့်သင်ကြးပေးလျှက်ရှိပြီး သင်တန်းကို ဇွန်လ ၂၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


