တန့်ယန်း  ၁    မေ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင် စုလွှတ်တော် ရန်ပုံငွေ သိန်း(၁၀ဝ၀)မှ ခွဲဝေချထားခဲ့သော အမှတ်(၆)ရပ်ကွက် ဝိန်းလောင်း တိုးချဲ့ကွက်သစ်ရှိ လမ်းသွယ်(၁)အား အမာခံ ကျောက်ချောလမ်း ပေ(၅၀ဝ) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အမာခံ ကျောက်ချောလမ်းပေ(၅၀ဝ) ခင်းပေးနေမှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ လမ်းဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးစိုင်းရွှေမြင့်နှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအား စံချိန်စံနှုန်းပြည့်မှီရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အမာခံကျောက်ချောလမ်းမှာ  အရှည်ပေ (၅၀ဝ) ၊ အနံ(၁၂) ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေမှ ခွဲဝေချ ထားသော လမ်းဖြစ်ကြောင်း သိရသည်။      

                                   

 မင်းလွင်ဦး(ပြန်/ဆက်)