တန့်ယန်း ၁ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ (ပထမအကြိမ်) ငွေများထုတ်ပေးခြင်း အခမ်းအနားကို ဧပြီလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်နှင့် ဦးစိုင်းခမ်းမြတ်၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အsထည်ဖေါ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးသက်လွင် ထွန်းတို့က အမှာစကားပြောကြားကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများထံ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ပေးအပ်ခဲ့ကြသည်။
ရပ်ကွက်နှင့် ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ငန်းအမျိုးအစား (၂၇)မျိုးအတွက် (ပထမအကြိမ်) ငွေကျပ်သိန်းပေါင်း(၅၀ဝ) အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


