တန့်ယန်း   ၈ စက်တင်ဘာ 

၂၀၁၉ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား အမျိုးသမီး ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲသို့ တန့်ယန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက မီတာ (၁၀ဝ၊ ၂၀ဝ၊ ၄၀ဝ၊ ၈၀ဝ၊ ၁၅၀ဝ)နှင့် အလျားခုန်၊ အမြင့်ခုန်၊ သုံးထောက်ခုန်၊ သံလုံးပစ်၊ သံပြားပစ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။            

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို တန့်ယန်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)