ပျော်ဘွယ် ၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်စုအဆင့် မြေငလျင် ဘေးအန္တရာယ် အလျင်အမြန်တုန့်ပြန်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ပျော်ဖွယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အထက-၁) အားကစားကွင်း၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
တပ်စုအဆင့် မြေငလျင်ဘေးအန္တရာယ် အလျင်အမြန် တုန့်ပြန်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း ကို အဆင့် ၅ ဆင့်သတ်မှတ်၍ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၅ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့ / မြို့နယ်ကြက်ခြေနီအဖွဲ့ / လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းမှ အခမ်းအနား မိန့်ခွန်းပြောကြားကာ တတ်ရောက်လာသော ဌာနဆိုင်ရာ အကြီး အကဲများမှ သရုပ်ပြအဖွဲ့တွင် ပူးပေါင်းပါဝင်သော လူမှုရေးအသင်းဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နံနက် ၁၁ နာရီခန့်အထိ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ ရမည်သင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကျော်/ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့်/ပျော်ဖွယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းမင်းထွန်း / မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်သက်လှိုင်/မြို့နယ်ရဲတပ်ဖွဲ့ နှင့် မြို့နယ်အဆသ့် ဌာနဆိုင်ရာ အကြီးအကဲများ/ မြို့မိမြို့ဖများ နှင့် လူမှုရေးအသင်းအဖွဲ့မျာ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အခြေခံပညာ အထက်တန်းကျောင်း (အထက ၁)မှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ ၊ သန္ဓေ / အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀ဝ၀ ခန့်တက်ရောက်ခဲ့သည်။
ဘိုဘို(မလှိုင်)


