နေပြည်တော် ၂၀ မတ် 

တပေါင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်ရှိဘုရား ပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော်၏ အထင်ကရတန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် နံနက်ပိ်ုင်းက လိုဏ်တော်ကြီးအတွင်းကိန်းဝပ်စံပယ်တော်မူ လျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့် မဟာဆု တောင်းပြည့်ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပသည်။

ညနေပိုင်းတွင် ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းများနှင့်အညိီပရိတ်တရား တော်၊ ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ပွားပူဇော်ခဲ့ကြပြီး ဆီမီး ၉၀ဝ၀ ပူဇော်ပွဲကို ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ် ဘာဝနာပွားများ သူများဖြင့် အထူးစည်ကားခဲ့သည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရန်အောင်မြင် ရွှေလက်လှစေ တီတော်၊ ဓာတုစယစေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ကိုးခန်းကြီးဘုရား၊ မဟာသကျရံသီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ သတ္တ သတ္တာဟမဟာဗောဓိစေ တီတော်နှင့် သံဝေဇနိယလေးဌာနတို့တွင် တရားဘာဝနာအားထုတ်ကြသူများ၊ ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားခဲ့ကြသည်။

မြန်မာ့ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်ပြီးဆောင်း အကုန်နွေအကူးထူးသည့်လရာသီဖြစ်သည်။ တပေါင်းလပြည့်နေ့ကိုမြတ်စွာဘုရားပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ပြီးသဲပုံစေတီပွဲတော်ကို မြန်မာ့ယဉ်ကျေး မှုပွဲတော်တစ်ခု အဖြစ် ကျင်းပလေ့ရှိသည်။ထို့ပြင်ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊  ပဋ္ဌာန်း၊ပရိတ်ရွတ်ပွားပူဇော်ခြင်းများ၊ သံဃာတော်များကိုဆွမ်း၊ ခဲဖွယ်၊ဘောဇဉ် ဆက်ကပ်လှူဒါန်းခြင်းများကိုရိုးရာအစဉ်အလာမပြတ်နှစ်စဉ် ကျင်းပလေ့ရှိကြသည်။

(သတင်းစဉ်)