တပ်ကုန်း  ၁၃  ဧပြီ      

 

 
သင်္ကြန်ကာလဖြစ်သည်နှင့်အညီ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စည်ပင်ယာသာဈေးကြီးတွင် ယနေ့ နံနက်ပိုင်းက ဈေးရောင်း ဈေးဝယ်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိသည်။

 


အဆိုပါ ဈေးကြီးတွင် အစားအသောက်နှင့် သစ်သီးဝလံများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေသည်မှာ သင်္ကြန်၏ အလှအပပေါ်လွင်စေသည်ကို တွေ့မြင်ခဲ့ရသည်။ ယင်းဈေးမှ ဘုရားပန်းမျိုးစုံ ဝယ်ယူ၍ ရပ်ကွက်များတွင် ခေါင်းရွက်ဗန်းသည် အမျိုးသမီးတစ်ဦးကလည်း သင်္ကြန်ကာလတွင် ဘုရားပန်းပို၍ ရောင်းအားကောင်းသည်ဟု ပြောသည်။

 

တပ်ကုန်းမြို့ (ပြန်/ဆက်) 

 

d