တပ်ကုန်း  ၉  နိုဝင်ဘာ          

နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးခြင်းကို နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ လူထုဖွံ့ဖြိုးရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေး ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၈၈)ဦး၊ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅)ဦး၊ အရောင်း/အဝယ် လုပ်ကိုင်သူ(၂၅)ဦး၊ စုစုပေါင်း (၂၁၈)ဦး အတွက် ကျပ်သိန်းပေါင်း(၃၂၀၅၀၀၀၀) ထုတ်ချေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)