တပ်ကုန်း   ဇူလိုင်  ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၄၀ နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပလျက်ရှိရာ  စတုတ္ထပွဲစဉ် ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပသည်။

အဆိုပါ  အသက် ၄၀ နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ   စတုတ္ထပွဲစဉ်တွင်  ထွေအုပ် King United (FC)အသင်းနှင့် စည်ပင် CGS (FC)အသင်းတို့   ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ   ထွေအုပ်  King United(FC)အသင်းက ခုနစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်တစ်လျှောက်လုံး  အားကစားသမားဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက ထွေအုပ် King United (FC)အသင်းမှ ရှေ့တန်းအားကစားသမား ဦးအောင်ဝင်းဌေးအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားသမားဟောင်းများ စုပေါင်းဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ MPF (FC) အသင်း၊ စည်ပင် CGS (FC) အသင်း၊ လျှပ်စစ် ESD (FC) အသင်း၊ ထွေအုပ် King United (FC)အသင်းတို့ကို ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်