တပ်ကုန်း ၁ ဖေဖော်ဝါရီ
နေပြည်တော် တပ်ကုန်းမြို့တွင် ရပ်ကွက်နေပြည်သူများ နှစ်စဉ်နှစ်တိုင်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူနိုင်စေရန်အတွက် မိုဃ်းကောင်းဘုရားကြီး ဆွမ်းဆန်တော် လောင်းလှူရေးအဖွဲ့မှ ဦးဆောင်၍ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီ (တပို့တွဲလပြည့်)တွင် မြို့တွင်းရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်မုခ်ဦးမှ မိုဃ်းကောင်းဘုရားကြီးထိ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၄၀၀)ပါးကျော် ဆွမ်းဆန်တော်နှင့်လှူဖွယ် ပစ္စည်းများ အလှူခံကြွချီတော်မူကြမည်ဖြစ်ပြီး မည်သူမဆို လောင်းလှူနိုင်ကြောင်း သိရသည်။
တင်စိုးလွင်