နေပြည်တော် ဇူလိုင် ၁၃
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၈) စက်မှုလယ်ယာစခန်းမှ ဦးဆောင်၍ စပါးစိုက်တောင်သူများ စိုက်ပျိုးစနစ် လွယ်ကူစေရန် အခြောက်မျိုးစေ့ချစိုက် စက်ကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ၁၄၁၂ နောင်ခမ်းကွင်း၊ တောင်သူဦးမောင်နု လယ်မြေတွင် ကျင်းပသည်။
အဆိုပါသရုပ်ပြပွဲတွင် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက တောင်သူများနှင့်တွေ့ဆုံ၍ စပါးစိုက်ပျိုးများအား ဆွေးနွေးပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက အခြောက် မျိုးစေ့ချစိုက် စက်ကိရိယာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများက အခြောက်မျိုးစေ့ချစိုက် စက်ကိရိယာနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
တင်စိုးလွင်(ပြန်/ဆက်)