နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအခြေပြု မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မောင်နှင့် ကျန်းမာရေး ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် Grade -9 ကျောင်းသား ကျောင်းသူများ၊ အောင်ဇေယျ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
မျက်စိစမ်းသပ်စစ်ဆေးရာတွင် Grade -9 မှ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်ကို အခမဲ့ မျက်စိစမ်းသပ် စစ်ဆေးခဲ့ပြီး မျက်စိနှင့် ပတ်သက်၍ လိုအပ်နေသည့် ကျောင်းသား ကျောင်းသူ ၆၂ ဦးကို ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကာ မျက်မှန်တပ်ဆင်ရန်လိုအပ်သည့် ကျောင်းသား ကျောင်းသူ ၂၅ ဦးကို မျက်မှန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
တင်စိုးလွင်(ပြန်/ဆက်)