တပ်ကုန်း ဒီဇင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၁-၂၁၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂ ရက်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းတို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများတွင် အကျိုးကျေးဇူးများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ(၂)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဝင် ကျေးရွာ(၉)ရွာမှ ကျေးရွာတာဝန်ခံများအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)