တပ်ကုန်း အောက်တိုဘာ  ၉

 

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ပဉ္စမရက်ထိုးနှံပေးခြင်းကို အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးသည်။

 

ထိုကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာများ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ပထမရက်တွင် လူဦးရေ(၉၉၈)ဦး၊ ဒုတိယရက်တွင် လူဦးရေ(၁၈၃၅)ဦး၊ တတိယရက်တွင် လူဦးရေ(၁၇၈၈)ဦး၊ စတုတ္ထရက်တွင် လူဦးရေ(၁၅၃၅)ဦး စုစုပေါင်း (၆၁၅၆)ဦး လာရောက် ထိုးနှံကြောင်း သိရသည်။

 

တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများ၊  မသန်စွမ်းသူများအား  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့် တပ်ကုန်း တပ်နယ်ဆေးအဖွဲ့တို့က ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးလျက်ကြောင်း   သိရသည်။

 

တင်စိုးလွင်