တပ်ကုန်း ၂ မေ
နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၊ အမှတ်(၈)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ ကမ္ဘောဇဘဏ်၊ တို့တပ်ကုန်းအဖွဲ့၊ ရှင်သန်ခြင်းအဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်နှင့် ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက် ၇ နာရီခွဲက စတင်၍ ခေါင်းစွပ်မျက်နှာအကာ၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များကို လူသွားလူလာများသော နေရာတို့တွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ခေါင်းစွပ်မျက်နှာအကာ (၃၄)ခု၊ နှာခေါင်းစည်း (၁၅၀၀)နှင့် လက်ကမ်းစာစောင်တို့ကို မြို့မဈေးနှင့် ရန်ကုန်-မန္တလေးကားလမ်း-ဗိုလ်ချုပ်လမ်းဆုံ၊ ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံနေရာတို့တွင် ကျန်းမာရေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းမရှိသည့် ကား၊ ဆိုင်ကယ်စီးနင်းသူများ၊ ဈေးသွား/ဝယ်သူများ၊ ခရီးသွားပြည်သူများ၊ ဆိုက်ကား/ဆိုင်ကယ် ဆိုက်တွဲမောင်းသမားများအား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်


