နေပြည်တော် ဖေဖော်ဝါရီ ၁၉

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲခန့်က တပ်ကုန်းဘူတာ၏ မြောက်ဘက်မှ တစ်ဖာလုံခန့်အကွာ မိုင်တိုင်အမှတ် ၂၅၃/၁၃နှင့် ၂၅၃/ ၁၅ အကြား၌ ရန်ကုန်မြို့မှ ထွက်ခွာလာသည့် တွဲဆိုင်း ၃၅ တွဲပါသော ကုန်တင်ရထား ရထားတွဲဆိုင်းများ လမ်းချော်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ရထားလမ်းချော်မှုကြောင့် ရထားသံလမ်း ၃၁၅ ပေခန့် ပျက်စီးခဲ့ပြီး တွဲဆိုင်း ရှစ်တွဲ တိမ်းစောင်းခဲ့ကာ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနှင့် မီးရထား တာဝန်ရှိသူများက မီးရထား ကရိန်းဖြင့် ရှင်းလင်းရေးဆောင်ရွက်ပြီးနောက် အစုန်-အဆန်ရထားများ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ တိမ်းစောင်း တွဲဆိုင်းများအတွင်းရှိ ကုန်ပစ္စည်းများအား ခေတ္တဖယ်ရှား၍ ရထားလမ်းပိုင်းအား ဆက်လက်ရှင်းလင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

တင်စိုးလွင်