တပ်ကုန်း ၂၇ နိုဝင်ဘာ
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်ထိုးနှံ ခြင်းလုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့မိမြို့ဖ ဒေါက်တာခင်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန ဒေါက်တာခိုင်သီရိက ဝက်သက်-ဂျိုက်သိုး ရောဂါလက္ခဏာများ ကိုရှင်းလင်း ပြောကြားပြီးနောက် အပိုဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား ဒေါက်တာ ခိုင်သီရိနှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကလေးငယ်များကို စတင်ထိုးနှံပေးခဲ့ သည်။တပ်ကုန်းမြို့ ရပ်ကွက်/ ကျေးရွာများတွင် စုရပ်နေရာ (၁၉၀)နှင့်၉လမှ ၅နှစ်ခွဲအရွယ်ကလေး ပေါင်း(၁၇၄၁၄)အား လျာထားပြီး၊ နိုဝင်ဘာ ၂၆ရက်မှ ၂၈ရက်ထိ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်ဆက်)


