တပ်ကုန်း ၁၆ မေ   

နေပြည်တော် တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် ​​မေ ၁၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က ကိုကျော်လင်းစိုး၊ မအေးမင်းစိုး  မောင်နှမနှစ်ယောက်နေထိုင်သည့် ၃ ပင်၊ ၄ ပင် သွပ်မိုး၊ ထရံကာ​ နေအိမ် ခြင်ဆေးခွေ မီးမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး  မီးလောင်ရာသို့ မြို့နယ် မီးသတ်ဦးဌာန ၊ ဦးစီးအရာရှိ ဦးဝင်းမင်းစိုး၊ ဒုမီးသတ် ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ကုန်းတပ်နယ်မှူး ဗိုလ်မှူးကြီး ကြီးမြင့် ဦးဆောင်၍ ​ကပစ (၄)၊ ခမရ (၁၀၉)အရာရှိနှင့် စစ်သည်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ပြည်သူများ ဝိုင်းဝန်း​ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်​ငြိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ အိမ်မီးလောင်ကျွမ်းခဲ့ပြီး ၎င်းအိမ်၏ အနောက်ဘက်အနီးရှိ ၃ ပင်၊ ၄ ပင် ဒေါ်နှင်း​​ နေအိမ်အား မီးအမြိုက်ခံခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

တင်စိုးလွင်