တပ်ကုန်း  ၃၁ ဇူလိုင်           


လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံချက်ဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းအဖွဲ့ဝင် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ လူဦးရေစာရင်းကောက်ယူလျက်ရှိရာ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ ကောက်ယူရာသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြဝတီရပ်ကွက် အတွင်းရှိ လူဦးရေ စာရင်းကောက်ယူရေး အဖွဲ့နှင့်တွေ့ဆုံပြီး စာရင်းအချက်အလက်များ တိကျမှန်ကန်စွာ ကောက်ယူရေး၊ လွဲမှားမှုမရှိစေရေး  ရှင်းလင်းမှာကြားခဲ့သည်။


တပ်ကုန်းမြို့နယ်၌ လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့်အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းများအတွက် အိမ်ထောင်စုပေါင်း ၅၂၀၉၅ စုရှိပြီး အိမ်ထောင်စု (၂၀၈၃၈) ထိ ကောက်ယူပြုစုပြီးစီးပြီ၊ (၄၀) ရာခိုင်နှုန်းထိ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ သိရသည်။


တင်စိုးလွင်(ပြန်/ဆက်)