တပ်ကုန်း ၁၀ ဩဂုတ်
လယ်ယာသုံးစက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၈) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာ ဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးရဲ့ မောင်းနှင်ခြင်း၊ ကြံ့ခိုင်ထိန်သိမ်းခြင်း အကြောင်းအရာတွေကို စာတွေ့၊ လက်တွေ့ သင်ကြားမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လယ်ယာသုံး စက်ကိရိယာ အကြောင်းများကို သေချာစွာ လေ့လာမှတ်သားဖို့နဲ့ သင်တန်းတွင် နည်းပြဆရာတွေရဲ့ သင်ကြားမှု များအား မရှင်းတာ၊ နားမလည်တာရှိခဲ့ရင် ပွင့်လင်းစွာ ဆွေးနွေးမေးမြန်းကြရန် လိုအပ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်မှာ အခက်အခဲကြုံတွေ့ခဲ့ရင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်း ပြောကြားပြီး သင်တန်းအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျေးရွာ(၁၁)ရွာမှ သင်တန်းသား (၃၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ပတ် ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)