တပ်ကုန်း ၁၉ မေ         

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁) အတွင်း မီးဘေးသင့် နေအိမ် နှစ်အိမ်အား တိုင်းကြက်ခြေနီအသင်းမှ ဒုတိယတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာ ပြည့်ဖြိုးမျိုးနှင့် တပ်ဖွဲ့မှူးများက ယနေ့ နံနက်ပိုင်းတွင် ထောက်ပံ့ ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။


     
တစ်အိမ်ထောင်လျှင် သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ခေါင်လျှော်ရည်၊ သောက်ရေခွက်၊ ရေသန့်ဆေးပြား၊ ရေပုံး၊ ရေသန့်ပုံး စသည့်ပစ္စည်း (၁၈) မျိုးပါ ပုံးတစ်ပုံးနှင့် အိမ်ဆောက်ပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ် တစ်သိန်း ငါးသောင်း ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
                                                                    


တင်စိုးလွင်