နေပြည်တော် ဖေဖော်ဝါရီ ၂၆
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အဖွဲ့လေးဖွဲ့ခွဲကာ ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ကင်းသာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။ ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့က ကင်းသာကျေးရွာအုပ်စု အပါဝင် မကျီးကုန်းကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းထွဋ်အောင်နှင့်အဖွဲ့က ကင်မွန်းတန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာအုပ်စု၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတက်ထွန်းနှင့်အဖွဲ့က ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာ အုပ်စု၊ ရေအေးကျေးရွာအုပ်စု၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့်အဖွဲ့က ရှောက်ကုန်းကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ကျေးရွာအုပ်စုပေါင်း ၁၉ အုပ်စုနှင့် ရပ်ကွက် ၆ ရပ်ကွက် တို့တွင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်။
တင်စိုးလွင်