mdn

တပ်ကုန်း         ဩဂုတ်         ၂၃
   
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Stay  at  Home ကာလအတွင်း လိုက်နာရမည့် စည်းကမ်း ချက်များကို ဩဂုတ် ၂၃ရက်နံနက်ပိုင်းက အဖွဲ့(၂)ဖွဲ့ခွဲ၍  ရပ်ကွက်များအတွင်း လိုက်လံကြေညာ ခဲ့သည်။
      
ထိုသို့ ကြေညာရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး နှင့်ဝန်ထမ်းများ၊မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သီဟနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကောင်းမြတ်သူနှင့်တပ်ဖွဲ့ဝင်တို့က  ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာ စေ ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Stay at Home စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်။
    
တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Stay at Home ကာလအတွင်း Check Point (၈)နေရာနှင့်လှည့်လည်စစ်ဆေးရေးအဖွဲ့(၁)ဖွဲ့ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
                                                                                  
တင်စိုးလွင်  (ပြန်ဆက်)