တပ်ကုန်း မတ် ၂၃

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသသူများ စိတ်အေးချမ်းမြေ့စွာနှင့် ဆေးရုံသန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ ပြည်သူများနှင့် တပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မတ် ၂၃ ရက် နံနက်ပိုင်းက အဆိုပါ ဆေးရုံဝင်းအတွင်း/အပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တပ်ကုန်းတပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး ဟိန်းထက်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ကျော်ဇေယျတို့က လှည့်လည် ကြည့်ရှုအားပေးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်အမှိုက်သိမ်းဝန်ထမ်းများ စုစုပေါင်းအင်အား ၃၄၈ ဦးတို့က ထွန်စက်၊ မြက်ဖြတ်စက်၊ ဓားနှင့် ပေါက်ပြားများ၊ အမှိုက်သိမ်းယာဉ်ဖြင့် ချုံနွယ်အမှိုက်သရိုက်များကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်