တပ်ကုန်း ၂၀ ဇန်နဝါရီ
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်က ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် စာပေလေ့လာဖတ်ရှုမှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စာကြည့်တိုက်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကျော်လွှာနိုင်မည့် နည်းလမ်းများ၊ ကလေးစာဖတ်ခန်းမများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်များနှင့် ဆွေးနွေးခဲ့ကြရာ ကျောင်းစာကြည့်တိုက် များမှ ဆရာ/ဆရာမ(၄၃)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင် (ပြန်ဆက်)