တပ်ကုန်း ဖေဖော်ဝါရီ ၅

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ   အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ခုတင်-၁၀၀ ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်   ဒေါက်တာ ခင်မောင်ထွန်းက  အမှာစကား ပြောကြားပြီး   မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇေယျက တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျန်းမာရေးမှူး(၁) ဦးကျော်ဇင်ထွန်း က ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

          

တင်စိုးလွင်