တပ်ကုန်း မတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူ ၁၂၈၈ ဦး၊ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က(ရွှေမြို့)၊ အ.ထ.က(MRTV)၊ အ.ထ.က(တောင်ပို့သာ)၊ အ.ထ.က(မကျီးပင်)၊ အ.ထ.က (ညောင်လွန့်)နှင့် အ.ထ.က(ကပစ-၁)တို့တွင် စာစစ်ဌာနရှစ်ခုဖွင့်လှစ်ပြီး၊ ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိ ၃၃၈ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၃၃၃ ဦး၊ ပျက်ကွက်သူ ၅ ဦး၊ ဖြေဆိုမှု ၉၈ ဒသမ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး၊ ဇီဝဗေဒဘာသာရပ်တွင် စာရင်းရှိ ၉၉၄ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၉၅၅ ဦး၊ ပျက်ကွက်သူ ၃၉ ဦး၊ ဖြေဆိုမှု ၉၆ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)