တပ်ကုန်း   အောက်တိုဘာ   ၅

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သော ပြည်သူများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ဆန် ပေးအပ်ခြင်းကို အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက  ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးက ထောက်ပံ့ ပေးအပ်ခြင်းကို ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ တတိယ လှိုင်းတွင် ရောဂါဖြစ်ပွားခဲ့သော ပြည်သူ ၇၇၃ ဦးအတွက် ဆန် ၆၄ အိတ်နှင့် ၁ဝ ပြည် ထောက်ပံ့ ပေးအပ်သည်။

 

mdn

 

အခမ်းအနားသို့ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်