တပ်ကုန်း နိုဝင်ဘာ ၁

မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ် -၁၉ရောဂါကြောင့် ယာယီပိတ် ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ လျော့နည်းပျောက်ကွယ်လာသဖြင့် နိုင်ငံတော်အစိုးရက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးလျက်ရှိရာ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ရက်နံနက် ၈နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ မိမိတို့အပ်နှံထားသော ကျောင်းများသို့ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်လာရာတွင် နှာခေါင်းစည်း ၊ မျက်နှာကာများတပ်ဆင်ခြင်း ၊ စာအုပ် ၊ ခဲတံ ၊ ဘောပင် ၊ ပေတံများကို မျှဝေ သုံးစွဲခြင်းမပြုရန် ၊ ကျောင်းအဝင်နှင့် စာသင်ဆောင်ရှေ့၌ လက်ဆေးဘေစင်များထားရှိပြီး စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာသွားကြရန် သတ်မှတ်ထားကြောင်းနှင့် အထက(၁၄)ကျောင်း၊ အထကခွဲ(၁၆)ကျောင်း၊ အလက(၁၆)ကျောင်း၊ အလကခွဲ(၁၈)ကျောင်း၊ မူ/လွန်(၄၄)ကျောင်း၊ အမက(၅၃)ကျောင်း၊ အမကခွဲ(၆)ကျောင်း၊ စုစုပေါင်းကျောင်း(၁၆၇)ကျောင်း ဖွင့်လှစ်ပညာသင်ကြားကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်(ပြန်ဆက်)