နေပြည်တော် ၁၀ ဇွန်
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ဇွန် ၉ ရက်က အမျိုးသမီးတစ်ဦးမှာ နေအိမ်အားမီးရှို့ကာ မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိုင့်ကျယ်ကျေးရွာနေ ဒေါ်ခင်ညွန့် (၇၀)နှစ်သည် နံနက် ၈ နာရီ ၄၅ မိနစ်က နေအိမ်အပေါ်ထပ်အား ဓာတ်ဆီများပက်ဖျန်းကာ လှေကားတံခါးမကြီးအနီးတွင် ထင်းများစုပုံ၍ မီးရှို့ခဲ့ပြီး ၎င်းမှာ မီးလောင်သည့်နေရာသို့ တိုးဝင်သွားခဲ့သဖြင့် မီးလောင်ဒဏ်ရာများရရှိ သေဆုံးသွားခဲ့ကြောင်း၊ ဒေါ်ခင်ညွန့်သည် လွန်ခဲ့သော (၂)ပတ်ခန့်ကပင် မိသားစုကိစ္စဖြင့် ၎င်းနေအိမ်အား မီးရှို့ပစ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်ညွန့်အား တပ်ကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား