တပ်ကုန်းမြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား၊ လူတစ်ဦး မီးလောင်သေဆုံး

တပ်ကုန်း    ၁၁     ဖေဖော်ဝါရီ    

 

နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊  နယ်မြေ(၄)တွင် ဖေဖော်ဝါရီ ၁၁ ရက်  မွန်းလွဲ ၁၂နာရီ ၂၀မိနစ်ခန့်က နေအိမ်တစ်လုံးမီးလောင်ကျွမ်းပြီး၊ အသက်(၂၇)နှစ်ရှိ စိတ်ပေါသွပ်နေသူတစ်ဦး မီးလောင်သေဆုံးကြောင်း  သိရသည်။

 

၄င်းမီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၃)စီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက  ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးငြိမ်းသတ်နိုင်သည်။

 

ဖြစ်စဉ်မှာ မီးဖိုချောင်အတွင်း၌ လျှပ်စစ်ဟင်းချက်ဒယ်နီအိုး အပူလွန်ကဲရာမှတစ်ဆင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းသည့် အိမ်ပိုင်ရှင် ဒေါ်စိုးစိုး၊ အသက်(၅၄)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း သုံးပင်အိမ် တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ ၄င်း၏သားဖြစ်သူ အသက်(၂၇)နှစ်ရှိ စိတ်ပေါသွပ်နေသူ ကိုသက်နိုင်စိုး (ခ)ပွားလေး မီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်းသိရသည်။ 

 

တင်စိုးလွင်(ပြန်ဆက်)

 

ိ