တပ်ကုန်း ၉ မတ် 

 
တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ မတ်လနှင့်ဧပြီလတို့တွင် ကျင်းပမည့် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးပွဲကို မဟာဇနက စာသင်တိုက် တွင် မတ် ၉ ရက်နေ့ မွန်းလွဲ()နာရီက ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးပွဲတွင် ဩဝါဒကထာအား နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် မဟာသီဟနာဒ ဆရာတော်နှင့် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တတ ပညာသာမိတို့က မြွက်ကြားခဲ့ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာဖြေသံဃာစာရင်းအား  မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတက မှ ဖတ်ကြားသည်။
        

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာမေးပွဲမေးခွန်းများ ထုတ်ယူရေးနှင့် လုံခြုံစွာထိန်းသိမ်းရေး၊ စာဖြေဌာနသတ်မှတ်ရေး၊ ကြိုဆိုပင့်ဆောင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအား ‌လျှောက်ထားသည်။

 

တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲသို့ စာဖြေသံဃာ၊ သီလရှင်(၁၉၇)ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် (၂၃၉)ပါး စုစုပေါင်း (၄၃၆)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်()ရပ်ကွက်တို့က ရက်အလိုက်ဆွမ်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


(တင့်တင့်)တပ်ကုန်း