တပ်ကုန်း ၂၈ ဒီဇင်ဘာ       

   
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ စတုတ္ထပတ်ကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၅နာရီခွဲက မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၊ စုရပ်နေရာမှ စတင်ထွက်ခွာပြီး၊ မြို့နယ်ပြည်သူ့အားကစားကွင်းထိ ပျော်ရွှင်စွာဆင်နွှဲကြသည်။

 

‌ေ

 


အဆိုပါလမ်းလျှောက်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရဦးနှင့်မြို့နယ်အဆင့်ဌာနဆိုင် ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများ        အင်အား(၅၀ဝ)ဦးခန့်ပါဝင်၍ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ကြသည်။ ထို့နောက် မြို့နယ်ပြည် သူ့ အားကစားကွင်းအတွင်း၌ Myanmar Fitness Dance နှင့်ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်များ ဆက်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြပြီး၊ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများအား စေတနာရှင်၊ အလှူရှင်များက ကောက်ညှင်းထုပ်များ ဝေငှခဲ့ကြောင်း သိရသည်။


တင်စိုးလွင်