နေပြည်တော်၊ စက်တင်ဘာ ၂၉
၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစား ကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားကွင်း ၌ အမျိုးသား / အမျိုးသမီး၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲ ၊အမျိုးသား ၁၀ မျိုးစုံ မီတာ ၁၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား / အမျိုးသမီး မီတာ ၄၀၀တန်းကျော်ပြေးပြိုင်ပွဲ လူရွေး ပွဲ၊ အမျိုးသား ၁၀ မျိုးစုံ အလျားခုန် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လု ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုး သား/ အမျိုးသမီး မီတာ၂၀၀ ပြေး ပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား ၁၀ မျိုးစုံ တန်းမြင့် ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား / အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ မီတာ၄၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A)တွင် အမျိုးသား / အမျိုးသမီး ကီလိုတန်းအလိုက် အတိုတ်ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့်ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင် ကစားကြသည်။ ထို့နောက် အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌ အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ (ခ) တန်း၊ အမျိုးသား ပန်ကြပ်ဆီးလပ် အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားနှစ်လက် အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားနှစ်လက် အတိုက်ပြိုင်ပွဲ (ခ) တန်း၊ အမျိုးသားဓားတစ်လက် အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသားဓားတစ်လက် အတိုက်ပြိုင်ပွဲ (ခ)တန်း၊ အမျိုးသမီး ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ လက်ထောက်နည်းပြ တစ်ကိုယ်တော် ဓားတစ်လက် ပညာစဉ် စွမ်းရည်ပြနှင့် အမျိုးသမီး တစ်ကိုယ်တော် ဓားတစ်လက် ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်းပြိုင်ပွဲ၊ က အဆင့်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်း (၁) ၌ ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အနောက်တောင် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ခြောက် ဂိုး - တစ်ဂိုးဖြင့် လည်းကောင်း၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စုပတ်လည် ပွဲစဉ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချူပ်ရုံး(လေ) ကိုယ်စားပြု အသင်းအား ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်