နေပြည်တော် ၂၅  မတ် 

 

တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

       

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိ်ုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်း ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

 

mdn

       

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့က တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားရှိမှု အခြေအနေများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

       

ထို့နောက် သတင်းမီဒီယာများမှ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ် ပြန်ချက်အရ သိရှိရသည်။ 

 

(သတင်းစဉ်)