ရန်ကုန် အောက်တိုဘာ ၆

      

ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီခွဲက တပ်မတော်အရိုးအထူးကုဆေးရုံကြီး ကုတင် ၅၀၀ ၌ကျင်းပရာ ဒဂုံမြို့သစ်ခရိုင်မှ အင်အား ၅၀ ကျော် တက်ရောက်သွေးလှူဒါန်းကြသည်။
 

စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုမှအတွင်းရေးမှူး () ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန့်စင်နှင့် တာဝန်ရှိသူများ၊ ပြင်ပအလှူရှင်များ တက်ရောက်ကြသည်။

 

သွေးလှူဒါန်းပွဲတွင် တပ်မတော်ဆေးရုံကြီးမှ တာဝန်ရှိသူများက သွေးလှူရှင်များကို ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် စားသောက်ဖွယ်ရာများလှူဒါန်းကာ အလှူရှင်မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)