နေပြည်တော် ၂၀ ဒီဇင်ဘာ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ် Cam Pha မြို့ရှိ Ha Long Bay (ဟလောင်းပင်လယ်အော်) အတွင်း အပျော်စီးရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုလေ့လာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများနှင့်အတူ Ha Long Bay အတွင်း အပျော်စီးရေယာဉ်ဖြင့် လှည့်လည်၍ သဘာဝအတိုင်းဖြစ်တည်နေသော ထုံးကျောက်တောင်များ၊ လိုဏ်ဂူများ၊ ပုံသဏ္ဌာန် မျိုးစုံရှိသော ကျွန်းများနှင့် သာယာလှပသော သဘာဝရှုခင်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်