နေပြည်တော် ၁ နိုဝင်ဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jan Egeland နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒုက္ခသည်စခန်းများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ နေရပ်စွန့်ခွာသူများအား မူလနေရာပြန်လည်နေထိုင်နိုင်ရေးနှင့် လူမှုဘ၀ တိုးတက်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာ အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
သတင်းစဉ်


