နေပြည်တော်၊ ၂ ဖေဖော်ဝါရီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် တို့လိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

 

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားပြီး မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများကြောင့် နိုင်ငံတော်တာဝန်အား တပ်မတော်မှ တာဝန်ယူဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ပုံမှန်လူမှုသဟဇာတနှင့် ယဉ်ကျေးမှုထုံးတမ်းများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းလျှောက်ထား၍ ဆရာတော်ကြီးထံမှ ဆုံးမဩဝါဒများ နာယူခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်