၁ ဇန်နဝါရီ
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ၂၀၁၉ ခုနှစ် နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော် နှုတ်ခွန်းဆက်သအပ်ပါတယ်။
လူသားအားလုံးဟာ မိမိဘဝ တိုးတက်ဖို့အတွက် လုပ်ကိုင် စားသောက်ဖို့ လိုအပ်ကြသလို အားလုံးဟာလည်း အေးအေးချမ်းချမ်းနဲ့ နေထိုင်လိုတဲ့ ဆန္ဒရှိကြပါတယ်၊ ဒီလူသားအားလုံးရဲ့ ဆန္ဒပြည့်စုံစေဖို့အတွက် ကျွန်တော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာ ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းပါတယ်။