နေပြည်တော် ၄ ဧပြီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ- ပစိဖိတ် ဒေသဆိုင်ရာ ဌာနအကြီးအကဲ  H.E. Mr. Raphael Nageli အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် ဆွစ်ဇာလန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်ကိစ္စ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေလိုသည့် စေတနာဖြင့် နှစ်ပေါင်း ၇၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် NCA  လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများတွင် ကူညီဆောင်ရွက် နိုင်သည့်ကိစ္စ၊ မြန်မာနိုင်ငံ နှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ အမှန်အတိုင်း သိရှိရန် လိုအပ်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)