နေပြည်တော် ၁၈ ဇွန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကောင်းပင်စည်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား တပ်မတော်နယ်လှည့်အထူးကုဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ၂၀၁၄ ခုနှစ်တွင် လှူဒါန်းခဲ့သည့် စက်ရေတွင်းအား ကြည့်ရှုကြပြီး ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဇိနရတနာဆုတောင်းပြည့်စေတီတော် တည် ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
(သတင်းစဉ်)